Thursday 23 December 2010

အမည်မသိ စာမျက်နှာ၊

အလွမ်းသက်သက်
စာမျက်နှာများ
အကြောင်းမျိုးပြလို့ 
ငါတို့ နောက်ကိုလိုက်နေကြတယ်
ငါတို့ ကလွမ်းရုံပေါ့
တခါတရံအရှက်အရမ်းတွေနဲ့ 
လူဘဝကိုအရောင်ဆိုးလို့ 
ဟန်လုပ်နေကြရတာကများ
အသိတရားဆိုတာ
ဝမ်းသာစရာလား
ထားတော့လဲမတန်တဆနဲ့ 
  မေ့ပျောက်လွယ်တဲ့ငါတို့ 
ဘဝတွေကိုရမ်းကားခံကြမယ်
တသက်စာဝက်စားဆင်ယင်မှုတွေကိုငါတို့ 
ဘဝနဲ့ ရင်းလို့ 
အတန်တန်ငိုကြွေးနေကြတယ်
ဒါလား ခေတ်သစ်မာနဆိုတာ
ရောက်တတ်ရာရာနဲ့ ဘဲငါတို့ 
ရင်းနှီးလိုက်တော့တယ်၊

လမ်ကြောင်းတွေပေါ်ကစာမျက်နှာများ

    မြင့်မြတ်သံစဉ်တွေက
မကြားတကြားနာခံလို့ 
အသစ်တွေက
အဟောင်တွေကိုကြည့်နေရင်းနဲ့ 
မြင်ခဲ့ရတဲ့သမိုင်းနောက်ခံတွေကို
သရော်နေတယ်၊
ဒါတွေကိုက 
စာမျက်နှာတွေကိုကြောက်ကြောက်လန့် လန့် နဲ့ 
လှန်နေကြတယ်
အကောင်းမြင်အမြတ်တနိုးတွေက 
လူတွေကိုနှိပ်စက်လို့ 
အနိမ့်အမြင့်သံသရာက
ဘဝကိုကျေနပ်လို့ 
ဆူညံပွတ်နေတဲ့
နေရာတိုင်းကကိုမလှုပ်ဘဲနဲ့ 
လူးလွန့် လွန်းတဲ့ အနှစ်သာရပေါင်းများစွာက
ငါတို့ ကိုသနားလို့ လား
ခေါင်ဆောင်မှုစာမျက်နှာတွေက
လူတွေကိုမက်လုံးပေး
ကိုယ်ကိုတိုင်က မနက်စာနဲ့ ညစာကို
နိုင်ငံရေးတွေနဲ့ လုံးထွေးလို့ .....

ဒီနေ့ နဲ့ မနက်ဖန်တူလို့ မရတဲ့နေ့ များ၊

ဖြစ်စဉ်တွေထဲ နစ်ဝင်မသွားအောင်
 သွေးအသက်တွေက တန်ဖိုးထားလို့
အလိုက်သင့် ငါတို့ မျိုးဆက်တွေ
အော်ငိုနေလဲ ဒီနေ့ မှမဟုတ်တာ
 လွန်လဲလွန်ခဲ့ပြီ ရောက်မဲ့နေ့ များ
ရက် လွန်ကျေးမပေးရတဲ့ ငါတို့ နေ့ ရက်တွေကို
တောင်းပန်ရတော့မလိုနဲ့ 
အချိန်တွေကို လှည့်စားမှုတွေနဲ့ ဖလှယ်နေကြတယ်။