Saturday 5 March 2011

ပုံပြင်တခုနဲ့ စကားစစ်ထိုးမယ်

နေထွက်တဲ့အချိန်နဲ့ 
နေဝင်တဲ့ကြားကာလကိုဘဲ
  ငါတို့ ကနှမြောတသဖြစ်နေခဲ့ကြတယ်
  အတိတ်ကသေမင်းမရှိဘူး....
ငါတို့ အတွက်
မနက်ဖန်ဆိုတဲ့ရောဂါဟောင်းကကြိုဆိုလို့ 
မေ့မေ့ပျောက်ပျောက် သံသရာတွေက
သူဟာသူသွားနေကြ
ဒါဟာ မနေ့ ကလို့ 
ငါတို့ တွန့် တိုခဲ့တဲ့အချိန်ရဲ့ 
အရင်းအနှီးဖြစ်လို့ 
စိတ်ညစ်စရာတွေနဲ့ ဘဲ
ဘဝကိုပုံဖေါ်ဖို့ ခက်ခဲနေကြတယ်၊