Saturday 24 September 2011
အရူးများနဲ့ ကစားမယ်
ဒီနေ့ ငါတို့ သမိုင်း
မနက်ဖန်ကုန်ဆုံးသွးခဲ့ပြီ
အတုယောင်တွေမှန်းမသိလေလား၊
Thursday 22 September 2011
ငါတို့ ဝေးလဲ
သီးသန့် နေရာတွေကိုရှာမယ်
ဘဝကိုအောင်မြင်နေတဲ့မနက်ခင်းတွေနဲ့ 
ကွယ်လွန်ခဲ့ပြီအနာဂါတ်သစ်များနဲ့ 
အတိတ်တွေကိုကာကွယ်ဖို့ နဲ့ 
သမိုင်းတွေကိုဆေးရောင်ခြယ်ကြမယ်၊
တန်ဖိုးတိုင်းမှာ
အောင်မြင်မှုတခုရှိတတ်ကြသလိုမျိုး
ဆုံးရှုံးမှုတိုင်းကိုလဲမေ့ထားကြမယ်၊
ငါတို့ မနက်ဖန် အနာဂါတ်
ပြင်ဆင်မှုတွေကို
အနားသတ်ပေးဖို့ 
နေမင်းကြီးနဲ့ စကားပြောမယ်။
Sunday 18 September 2011
ခေါင်းဆောင်များနဲ့ 
အသစ်တဖန်
ဟန်ချက်ညီဖို့ 
လမ်းစတွေကိုဖျေက်နေကြတယ်၊
အလွမ်းတွေကို
မေ့ပျေက်ဖို့ နဲ့ 
သူတို့ ဘဝကို
စတေးနေကြတယ်၊
နိုင်ငံရေးမဆန်တဲ့
လူမှု အသိုင်းဝိုင်းက
စကားလုံးတွေကို
လုယက်နေကြတယ်၊
ဒီမိုကရေစီရေ
ငါတို့ ရေစီး
ငါတို့ လေသံတွေနဲ့ 
ငါတို့ ကို ထားခဲ့ပြန်ပြီ။
Tuesday 19 July 2011
သတိ
နားမျက်စိ
နှလုံးသားတိုင်းက
ငါတို့ နဲ့ ဝေးနေတယ်၊
တာဝန်မသိခဲ့တဲ့
ဘဝစာမျက်နှာတွေက
သံသရာကိုလွမ်းနေကြတယ်၊
ငါဆိုတဲ့လူတွေက 
ကိုယ့်ရဲ့ နောက်ကွယ်ကို
ခြောက်လှန့် နေကြတယ်၊
လာမယ်မနက်ဖန်ရဲ့ 
တမလွန်များ
လာမယ်
ငါတို့ ရဲ့ အမှတ်ရမှုများ
လာမယ်
ငါနဲ့ ငါရဲ့ သတိတရားများ။
Sunday 3 July 2011
မှော်ဆရာများ
ရူးရူးမိုက်မိုက်
ကန့် သတ်မှုတွေကို
ငါတို့ ဘဝမှာတွေ့ ခဲ့တယ်...
သက်တမ်းမဲ့
ဘဝအာမခံချက်တွေက
လူတွေကိုမျော်လိမ့်ချက်တွေပေးလို့ 
ကံကုန်တော့မယ်မနက်ဖန်များနဲ့ 
တနေကုန်ထိုင်နေခဲ့ရတယ်....
သိက္ခာဆည်အရှက်တွေနဲ့ 
အိပ်ငိုက်နေတဲ့ဘဝတွေကိုကုစားလို့ 
ငါဆိုတဲ့လူမှုပတ်ဝန်းကျင်နဲ့ 
အလိုက်ဖက်ဆုံးစကားလုံးကို
ပြန်မြိုချနေကြတယ်.....
ငါပြန်မယ်
ငါမရှိတဲ့ငါ့ကမ္ဘာသို့ 
ငါလာမယ်
ငါမသိတဲ့ငါရဲ့ နောက်ဆုံးဆုံမှတ်ဆီသို့ 
ဒီလိုနဲ့ အနိုင်နိုင်ငါအိပ်ပျော်သွားမိတယ်။။။
Friday 1 July 2011
အဟောင်း
နေရာမဲ့ဘဝ
အသစ်တွေက
အဟောင်းတွေကိုရန်ရှာလို့ 
ငါတို့ ပတ်ဝန်းကျင်ကရုန်းကန်ဆဲ
အိုးမဲ့အိမ်မဲ့ခရီးကြမ်းများနဲ့ 
တာဝန်မဲ့ကာရံတွေကလဲ
လှုပ်ခါနေကြတယ်...
မုန်းတိုင်းနဲ့ မိုးတိမ်
ကင်းကွာနေလဲ
သဘာဝက အန်တုလို့ 
ဒီပတ်ဝန်းကျင်
ဒီလူအများနဲ့ ငါတို့ သဘာဝတွေ
နေနဲ့ လကိုတမ်းတမိတယ်။
Tuesday 28 June 2011
ဟန်
လွတ်လပ်မှု့ ကင်းမဲ့နေတဲ့ဘဝသံစဉ်တွေက
အလွမ်းသံသရာကိုတမ်းတနေတတ်လို့ 
အသစ်အဟောင်းရောပြွမ်းမှုတွေကို
ငါတို့ အန်တုနေကြတယ်။
ဘယ်တော့မှန်းမသိတဲ့လူ့ ဘဝရဲ့ အရသာခံစားမှု့ 
အငန်းမရတွယ်တာမှုနဲ့ သံယောင်လိုက်နေကြတယ်
တည်ငြိမ်အေးချမ်းတဲ့ဘဝကိုဘယ်သူပေးနိုင်လို့ လဲ
ငါတို့ မှာ ခေါင်းဆောင်မဲ့နေတယ်။
အများအနည်းရေတွက်မှုနဲ့ ငါတို့ ရင်ခုံနေရင်း
ဝေးသွားတဲ့မနက်စာညစာများကိုပြန်မြင်နေတယ်
ဟန်ဆောင်နေလို့ လဲ အပိုဘဲလို့ မပြောတတ်ခင်
အောင်မြင်မှုကဝေးသထက်ဝေးလာတယ်။
စောင့်နေစရာမလိုတဲ့ငါတို့ အောင်မြင်မှုတွေကို
ခံစားမှုကင်းမဲ့စွာနဲ့ စောင့်နေကြမယ်
အလှမ်းဝေးနေတဲ့ကံကြမ္မာနဲ့ နပမ်းလုံးမယ်
ကုစားလို့ မရတဲ့အချိန်နဲ့ အိပ်နေမယ်
မေ့လွယ်တဲ့ဘဝတခုကိုလိုချင်လိုက်ပါဘိ။