Friday 27 August 2010

ခရီးသည်များ

အောင်မြင်မှုမဲ့တဲ့ ငါတို့ အသိတရားတွေ
လွပ်လတ်တဲ့စိတ်နဲ့  မေ့မျောနေတဲ့ ဘဝ အသိများ
ကျေနပ်စရာများနဲ့  တိုင်းတာ နေကြသူများ နဲ့ 
ခရီးကစတင်တော့မယ့် ဒီနေ့ စာမျက်နှာတွေက
အောင့်သက်သက် သမိုင်းတွေကို အရောင်ဆိုးလို့ 
သူတို့ နဲ့ တင်  ဟောင်နွမ်းမှုကိုလုယက်နေကြတယ်
ခက်ခဲ့တဲ့  သမိုင်းအစနတွေကို ဖေါ်ထုတ် နေကြပုံကလဲ
မနက်ဖန်တိုင်းကို ပုတ်ခက်နေကြတယ်
အရင်တနေ့ က  သူတို့ ဘဝနဲ့  ငါတို့ ဘဝက 
ကွက်လပ်တွေကို ဖြတ်ကျော်နေကြတယ် 
လူတွေ က လူတွေပါဘဲ ငါမသိလဲ အကြောင်းမဟုတ်သလိုမျိုးပေါ့
သမိုင်းဆိုတာ စာမျက်နှာပေါင်းများစွာကို ရောင်းစားနေတာမဟုတ်သလို
ငါတို့ ကိုလဲသမိုင်းက မရောင်းစားပါနဲ့ လို့ တောင်းပန်စရာမလိုဘဲ 
အတ္တတွေကိုဘဲ   မျက်နှာစာမှာ ကဗျည်းတင်နေကြတယ် 
စောင့်နေကြပါ မနက်ဖန်ဟာ မနေ့ ကလို ပါဘဲ
ဒီနေ့ တော့ မနက်ဖန်မဟုတ်သေးလို့ စောင့်နေပါရစေလို့ 
ငါကိုဘယ်သူလာပြောနိုင်မလဲ
လူတွေရဲ့    အသိ  နဲ့    ဘဝကိုလှောင်ပြောင်နေသလိုမျိုးနဲ့
အသိတရား နောက်ကွယ်က သမိုင်းတွေကိုလွမ်းမိပါတယ်ဗျာ

ငါမကြိုက်တဲ့ငါ့ရဲ့ ကဗျာ၊

ဆိုးကျိုးတခု
အကောင်းချည်းဘဲနောက်ကနေရာ
အမှန်တရားတွေကိုလုယက်နေကြတယ်
အသိတွေက မှိုတက်လို့ 
ပတ်ဝန်းကျင်စရိုက်တွေက
ငါတို့ ဘဝကိုခြောက်လှန့် နေကြတယ်
ဒီလိုနဲ့ အိုစာသွားတဲ့သမိုင်းတွေကို
မခေါ်ချင်ဘဲခေါ်နေကြတယ်
လွန်သွားပါလေံစေ
တောင်ပန်တဲ့အဆင့်မှာငါတို့ မရှိ
အေး    ဟုတ်ပြီ     ဒါဟာငါတို့ သမိုင်း
ငါတို့ အနာဂါတ်     နောက်နေ့ ဆိုတာ
လူတွေရဲ တောင်းတမှု သက်သက်ပါ..........