Friday 27 August 2010

ငါမကြိုက်တဲ့ငါ့ရဲ့ ကဗျာ၊

ဆိုးကျိုးတခု
အကောင်းချည်းဘဲနောက်ကနေရာ
အမှန်တရားတွေကိုလုယက်နေကြတယ်
အသိတွေက မှိုတက်လို့ 
ပတ်ဝန်းကျင်စရိုက်တွေက
ငါတို့ ဘဝကိုခြောက်လှန့် နေကြတယ်
ဒီလိုနဲ့ အိုစာသွားတဲ့သမိုင်းတွေကို
မခေါ်ချင်ဘဲခေါ်နေကြတယ်
လွန်သွားပါလေံစေ
တောင်ပန်တဲ့အဆင့်မှာငါတို့ မရှိ
အေး    ဟုတ်ပြီ     ဒါဟာငါတို့ သမိုင်း
ငါတို့ အနာဂါတ်     နောက်နေ့ ဆိုတာ
လူတွေရဲ တောင်းတမှု သက်သက်ပါ..........

No comments: