Tuesday, 28 June 2011

ဟန်

လွတ်လပ်မှု့ ကင်းမဲ့နေတဲ့ဘဝသံစဉ်တွေက
အလွမ်းသံသရာကိုတမ်းတနေတတ်လို့ 
အသစ်အဟောင်းရောပြွမ်းမှုတွေကို
ငါတို့ အန်တုနေကြတယ်။

ဘယ်တော့မှန်းမသိတဲ့လူ့ ဘဝရဲ့ အရသာခံစားမှု့ 
အငန်းမရတွယ်တာမှုနဲ့ သံယောင်လိုက်နေကြတယ်
တည်ငြိမ်အေးချမ်းတဲ့ဘဝကိုဘယ်သူပေးနိုင်လို့ လဲ
ငါတို့ မှာ ခေါင်းဆောင်မဲ့နေတယ်။

အများအနည်းရေတွက်မှုနဲ့ ငါတို့ ရင်ခုံနေရင်း
ဝေးသွားတဲ့မနက်စာညစာများကိုပြန်မြင်နေတယ်
ဟန်ဆောင်နေလို့ လဲ အပိုဘဲလို့ မပြောတတ်ခင်
အောင်မြင်မှုကဝေးသထက်ဝေးလာတယ်။

စောင့်နေစရာမလိုတဲ့ငါတို့ အောင်မြင်မှုတွေကို
ခံစားမှုကင်းမဲ့စွာနဲ့ စောင့်နေကြမယ်
အလှမ်းဝေးနေတဲ့ကံကြမ္မာနဲ့ နပမ်းလုံးမယ်
ကုစားလို့ မရတဲ့အချိန်နဲ့ အိပ်နေမယ်
မေ့လွယ်တဲ့ဘဝတခုကိုလိုချင်လိုက်ပါဘိ။

Monday, 27 June 2011

စိန်ခေါ်သံများ

လူထုနေ့ စွဲက
မသိချင်ယောင်ဆောင်
အတ္တတွေကို
ငါတို့ တွန်းလှန်နိုင်ရမယ်။

အနိုင်အရှုံးတွေကို
လွမ်းလောက်ပါတယ်ဆိုပြီး
နောက်ဆုတ်နေတဲ့
သူရဲကောင်းအတုတွေက
ဟန်ဆောင်မှုကင်းမဲ့နေကြတယ်။

ဘယ်မှာလဲ ငါတို့ လွတ်လပ်ခွင့်
ငါတို့ ရှာဖွေခဲ့တယ်
ဘယ်မှာလဲ ငါတို့ လူ့ အခွင့်အရေး
ငါတို့ တွေးနေခဲ့တယ်
ရောက်လုလုနေမင်းနဲ့ ငါတို့ ဝေးနေပါစေ။

ရန်သူသက်တန်း
အဓွန့် ရှည်ကာလတွေကို
သူရဲကောင်းဆန်ဆန်
ငါတို့ မော်ကြည့်ခဲ့ဖူးတယ်။

ဒါလား တိုက်ပွဲ
ဒါလားလူထုခေါင်းဆောင်မှု
ဒါလားငါတို့ ကင်းမဲ့နေတဲ့မနက်ဖန်တွေ
စိန်ခေါ်သံအသစ်တွေကိုငါတို့ မွေးစားကြမယ်။

အဘယ်သောနေ့ 

တိုက်ပွဲခေါ်သံ
လွမ်းမမှီနိုင်အတွေးတွေနဲ့ 
မနေ့ ကလို့ ငါတို့ ပြောနေတယ်၊
ဒီမိုကရေစီစကားတွေနဲ့ 
မက်ခဲ့ဖူးတဲ့အိပ်မက်တွေက
လှိုင်းလုံးတခုနဲ့ ထင်ယောင်မှားနေတယ်၊
ဘယ်သောအခါများ
ငါတို့ နေ့ တွေ
ငါတို့ ဘဝတွေ
ငါတို့ နိုင်ငံတွေ
အသက်ရှင်ခွင့်
ဒီမိုကရေစီစကားနဲ့ 
သက်သေထွက်ဆိုချက်များကို
အောင်နိုင်စွမ်းပကားနဲ့ 
ရောက်ရလိမ့်မယ်လို့ 
တွေးတောနေဆဲငါတို့ နောင်တများ။

Thursday, 23 June 2011

အကြွင်းမဲ့ကဗျာ

မျက်ဝန်းတွေ
ငါ့နှလုံးသား
ဟောင်းနွမ်းသွားပလေ့စေ

တစိမ့်စိမ့်နဲ့ 
ဘဝတွေကိုကုစားလို့ 
မနက်တိုင်းက
တစာစာအော်လို့ 

ငါတို့ ရဲ့ 
ကင်မဲ့သွားတဲ့
ဟန်ဆောင်မှုတွေက
လူတွေနဲ့ ကင်းကွားလွန်းတယ်

ပတ်ဝန်းကျင်
အသစ်တွေက
အလှမ်းဝေးနေတဲ့
ငါတို့ ရဲ့ မနက်ဖန်ကို
သရော်နေကြတယ်။

Wednesday, 22 June 2011

နေရာမဲ့

ပတ်ဝန်းကျင်
အသစ်တွေနဲ့ 
အဟောင်းတွေကို
ကျိန်ဆဲနေကြတယ်၊

Friday, 10 June 2011

အကြွင်း

ဆင်ခြင်ခဲ့တဲ့နေ့ ရက်တွေ
လမ်းသစ်တွေမှာရှိမနေခဲ့တော့
အသုံးချငါတို့ မနက်စာက
အသေအကျေကိုကဗျာမဆန်ဘူး...
ဆန့် ကျင်ဖက်သဘာဝက
မုန်းမေ့သွားလဲငါတို့ နဲ့ ဆိုင်တယ်
ဟန်ဆောင်နေတဲ့လောကကိုက
ညနေခင်းမှာကုန်ဆုံးနေတယ်...
ဒီလိုနဲ့ 
ကျန်ခဲ့တာငါတို့ အကြောင်း
မင်းနဲ့ မင်းနဲ့ မင်းနဲ့      ဘဲ
ငါစကားပြောမယ်
ငါ့ဆီမှာ ဘာမှမရှိခဲ့တာ အမှန်ဘဲ....

Wednesday, 8 June 2011

မာယာကောင်းကင်

မျက်လှည့်သမားမဟုတ်ဘူး
အချစ်ဝေဖန်မှုများနဲ့ 
လှည့်လှည့်လည်သွားလာနေခဲ့တယ်...
အောင်နိုင်သူများရဲ့ ကမ္ဘာ
ငါတို့ လိုမျိုးမသိကျိုးကျွန်မှုတွေ
အမှားတရာကိုငါတို့ သိလိုက်တယ်...
ဘယ်မှာလဲ အမှန်တရား
လွမ်းလောက်စရာမနက်ဖန်တွေက
အတန်တန်ဟန်ဆောင်နေကြတယ်....

Saturday, 4 June 2011

မမေ့သော်

လွမ်းလို့ မပြေ
မှာတမ်းများနဲ့ ဝေးနေလို့ 
နှစ်တရာ့ငါးဆယ်ကို
ငါတို့ အတွက်ထားခဲ့တယ်၊
သူရဲကောင်းတွေရဲ့ 
ဘဝစာမျက်နှာများနဲ့ 
တချိန်ချိန်ဆိုတဲ့စကားများ
ဒါဟာ ကဗျာစာဆိုတယောက်
ငါတို့ ဆီမှာပျောက်ကွယ်လို့ 
ငါတို့ မမေ့တဲ့  တဂိုး
ရာမာကရစ်ရှနာ
ဘင်ဂိုး သို့ မဟုတ်
ငါတို့ ရဲ့ မင်းသုဝဏ်အဆုံး
ဆရာဇော်ဂျီထိအောင်
လွမ်းလို့ မမှီလဲ
သစ္စာနီနဲ့ တာရာမင်းဝေ
ငါတို့ ဘဝနဲ့ ငါတို့ အကြောင်း
သူတို့ တွေကိုအမှတ်ရနေမယ်။