Tuesday 28 June 2011

ဟန်

လွတ်လပ်မှု့ ကင်းမဲ့နေတဲ့ဘဝသံစဉ်တွေက
အလွမ်းသံသရာကိုတမ်းတနေတတ်လို့ 
အသစ်အဟောင်းရောပြွမ်းမှုတွေကို
ငါတို့ အန်တုနေကြတယ်။

ဘယ်တော့မှန်းမသိတဲ့လူ့ ဘဝရဲ့ အရသာခံစားမှု့ 
အငန်းမရတွယ်တာမှုနဲ့ သံယောင်လိုက်နေကြတယ်
တည်ငြိမ်အေးချမ်းတဲ့ဘဝကိုဘယ်သူပေးနိုင်လို့ လဲ
ငါတို့ မှာ ခေါင်းဆောင်မဲ့နေတယ်။

အများအနည်းရေတွက်မှုနဲ့ ငါတို့ ရင်ခုံနေရင်း
ဝေးသွားတဲ့မနက်စာညစာများကိုပြန်မြင်နေတယ်
ဟန်ဆောင်နေလို့ လဲ အပိုဘဲလို့ မပြောတတ်ခင်
အောင်မြင်မှုကဝေးသထက်ဝေးလာတယ်။

စောင့်နေစရာမလိုတဲ့ငါတို့ အောင်မြင်မှုတွေကို
ခံစားမှုကင်းမဲ့စွာနဲ့ စောင့်နေကြမယ်
အလှမ်းဝေးနေတဲ့ကံကြမ္မာနဲ့ နပမ်းလုံးမယ်
ကုစားလို့ မရတဲ့အချိန်နဲ့ အိပ်နေမယ်
မေ့လွယ်တဲ့ဘဝတခုကိုလိုချင်လိုက်ပါဘိ။

No comments: