Monday 27 June 2011

စိန်ခေါ်သံများ

လူထုနေ့ စွဲက
မသိချင်ယောင်ဆောင်
အတ္တတွေကို
ငါတို့ တွန်းလှန်နိုင်ရမယ်။

အနိုင်အရှုံးတွေကို
လွမ်းလောက်ပါတယ်ဆိုပြီး
နောက်ဆုတ်နေတဲ့
သူရဲကောင်းအတုတွေက
ဟန်ဆောင်မှုကင်းမဲ့နေကြတယ်။

ဘယ်မှာလဲ ငါတို့ လွတ်လပ်ခွင့်
ငါတို့ ရှာဖွေခဲ့တယ်
ဘယ်မှာလဲ ငါတို့ လူ့ အခွင့်အရေး
ငါတို့ တွေးနေခဲ့တယ်
ရောက်လုလုနေမင်းနဲ့ ငါတို့ ဝေးနေပါစေ။

ရန်သူသက်တန်း
အဓွန့် ရှည်ကာလတွေကို
သူရဲကောင်းဆန်ဆန်
ငါတို့ မော်ကြည့်ခဲ့ဖူးတယ်။

ဒါလား တိုက်ပွဲ
ဒါလားလူထုခေါင်းဆောင်မှု
ဒါလားငါတို့ ကင်းမဲ့နေတဲ့မနက်ဖန်တွေ
စိန်ခေါ်သံအသစ်တွေကိုငါတို့ မွေးစားကြမယ်။

No comments: