Saturday, 24 September 2011
အရူးများနဲ့ ကစားမယ်
ဒီနေ့ ငါတို့ သမိုင်း
မနက်ဖန်ကုန်ဆုံးသွးခဲ့ပြီ
အတုယောင်တွေမှန်းမသိလေလား၊
နိုင်ငံရေးတဲ့
ပြောတဲ့လူနဲ့ ကြားတဲ့လူ
လင်လုပ်လို့ မရတဲ့ အရူးမလိုဘဲ
ဒီကနေ့ အဖြစ်ပျက်ကိုမေ့နေကြတယ်၊
လာပြန်ပြီ
တော်လှန်ရေးတခေတ်
မနက်ဖန်နဲ့ ငါတို့ တွေ့ မယ်၊
သွားပြန်ပြီငါတို့ ဒီမိုကရေစီ
မနက်ဖန်တွေကုန်ဆုံးတော့မယ်၊
လူတွေလုပ်တဲ ဒီမိုကရေစီ
လူတွေကဘဲဖျက်တဲ့ဒီမိုကရေစီ
လူတွေကဘဲခံစားချင်တဲ့ဒီမိုကရေစီ
ဒီမိုကရေစီမရူးဘူး
လူတွေကရူနေကြတဲ့ငါတို့ ဒီမိုကရေစီ
ရအောင်ယူဖို့ လမ်းကိုရှာရင်းနဲ့ 
လမ်းတွေပျောက်လို့ ဘဝဆုံးနေကြတယ်။
No comments: