Thursday 22 September 2011

ငါတို့ ဝေးလဲ

သီးသန့် နေရာတွေကိုရှာမယ်
ဘဝကိုအောင်မြင်နေတဲ့မနက်ခင်းတွေနဲ့ 
ကွယ်လွန်ခဲ့ပြီအနာဂါတ်သစ်များနဲ့ 
အတိတ်တွေကိုကာကွယ်ဖို့ နဲ့ 
သမိုင်းတွေကိုဆေးရောင်ခြယ်ကြမယ်၊
တန်ဖိုးတိုင်းမှာ
အောင်မြင်မှုတခုရှိတတ်ကြသလိုမျိုး
ဆုံးရှုံးမှုတိုင်းကိုလဲမေ့ထားကြမယ်၊
ငါတို့ မနက်ဖန် အနာဂါတ်
ပြင်ဆင်မှုတွေကို
အနားသတ်ပေးဖို့ 
နေမင်းကြီးနဲ့ စကားပြောမယ်။

No comments: