Friday 1 July 2011

အဟောင်း

နေရာမဲ့ဘဝ
အသစ်တွေက
အဟောင်းတွေကိုရန်ရှာလို့ 
ငါတို့ ပတ်ဝန်းကျင်ကရုန်းကန်ဆဲ
အိုးမဲ့အိမ်မဲ့ခရီးကြမ်းများနဲ့ 
တာဝန်မဲ့ကာရံတွေကလဲ
လှုပ်ခါနေကြတယ်...
မုန်းတိုင်းနဲ့ မိုးတိမ်
ကင်းကွာနေလဲ
သဘာဝက အန်တုလို့ 
ဒီပတ်ဝန်းကျင်
ဒီလူအများနဲ့ ငါတို့ သဘာဝတွေ
နေနဲ့ လကိုတမ်းတမိတယ်။

No comments: