Sunday 3 July 2011

မှော်ဆရာများ

ရူးရူးမိုက်မိုက်
ကန့် သတ်မှုတွေကို
ငါတို့ ဘဝမှာတွေ့ ခဲ့တယ်...
သက်တမ်းမဲ့
ဘဝအာမခံချက်တွေက
လူတွေကိုမျော်လိမ့်ချက်တွေပေးလို့ 
ကံကုန်တော့မယ်မနက်ဖန်များနဲ့ 
တနေကုန်ထိုင်နေခဲ့ရတယ်....
သိက္ခာဆည်အရှက်တွေနဲ့ 
အိပ်ငိုက်နေတဲ့ဘဝတွေကိုကုစားလို့ 
ငါဆိုတဲ့လူမှုပတ်ဝန်းကျင်နဲ့ 
အလိုက်ဖက်ဆုံးစကားလုံးကို
ပြန်မြိုချနေကြတယ်.....
ငါပြန်မယ်
ငါမရှိတဲ့ငါ့ကမ္ဘာသို့ 
ငါလာမယ်
ငါမသိတဲ့ငါရဲ့ နောက်ဆုံးဆုံမှတ်ဆီသို့ 
ဒီလိုနဲ့ အနိုင်နိုင်ငါအိပ်ပျော်သွားမိတယ်။။။

No comments: