Tuesday 19 July 2011

သတိ

နားမျက်စိ
နှလုံးသားတိုင်းက
ငါတို့ နဲ့ ဝေးနေတယ်၊
တာဝန်မသိခဲ့တဲ့
ဘဝစာမျက်နှာတွေက
သံသရာကိုလွမ်းနေကြတယ်၊
ငါဆိုတဲ့လူတွေက 
ကိုယ့်ရဲ့ နောက်ကွယ်ကို
ခြောက်လှန့် နေကြတယ်၊
လာမယ်မနက်ဖန်ရဲ့ 
တမလွန်များ
လာမယ်
ငါတို့ ရဲ့ အမှတ်ရမှုများ
လာမယ်
ငါနဲ့ ငါရဲ့ သတိတရားများ။

No comments: