Tuesday 10 May 2011

ဘဝမဲ့ကဗျာ

ကင်းလွှတ်မှုမဲ့တဲ့
နေ့ စွဲအောက်က
ငါတို့ မနက်ဖန်များနဲ့ 
အဖန်ဖန်လွဲမှားနေကြတယ်၊
ရောက်လုလုမနက်ဖန်ကလဲ
မဲမှောင်လွန်းလို့ 
ဆက်သွားနေကျ
လမ်းမပေါ်ကိုဘဲ
အဆက်မပြတ်ငါတို့ လျောက်မယ်၊
ဟန်ဆောင်မှုတွေကိုတွေ့ တယ်
နှမြောတွန့် တိုမှုများကို
မွေးစားကြတယ်၊
ဘယ်မှာလဲလို့ မေးတိုင်းငေးနေကြတဲ့
သဘာဝတရားတွေကိုအားနာတယ်၊
လာမှာပါဆိုတဲ့
သံသယစကားနဲ့ ဘဲ
ဘဝကိုဖုံးဖိနေရတယ်၊
အဖန်ဖန်လွဲမှားခဲ့တဲ့နေ့ စွဲများနဲ့ ဘဲ
စကားပြောတော့မယ်။

No comments: