Tuesday 10 May 2011

အတ္တမျက်မှန်

အလွမ်းသင့်သဘာဝတရားက
ဘဝမျက်နှာစာကိုအရွဲတိုက်လို့ ၊


ငါတို့ မနက်ခင်း စကားတခွန်းနဲ့ 
ကင်းမဲနေတဲ့မသိကျိုးကျွန်မှုလေး၊


ဆင်ခြင်တုံမဲနေ့ စွဲများနဲ့ 
လစ်လပ်ဘဝများကိုရန်ရှာနေကြ၊


အဝေးရောက်ဘဝတွေကိုလွမ်းလို့ 
မရှိမဲ့ရှိမဲ့တန်ဖိုးတွေကိုလှောင်ပြောင်လို့ ၊


ဘာတွေကိုမက်မောနေကြတာလဲလို့ မေးတယ်
ဖြေတာကလဲ ဘာတွေလဲလို့ သတိရနေကြတယ်။

 


စိမ်းစိမ်းကားကားအလွမ်းတွေက
ငါတို့ နဲ့ ဝေးသွားတော့လဲ၊


အရိပ်ရိပ်တက်လာတဲ့ ငါတို့ တိမ်တွေ
ကင်းမဲ့နေတဲ့ဘဝတွေနဲ့ ဘဲလွမ်းနေကြတယ်။

No comments: