Saturday 21 May 2011

ကင်းကွာလွန်းတယ်

မွန်းကျပ်ရင်ခုံသံတွေက
မလှမပတဲ့ဘဝတွေကို
ခုတုံးလုပ်ပြီး၊

 
သေရာပါဖုံးကွယ်မှုနဲ့ 
ငါတို့ မနေ့ ကအကြောင်းအရာ
ဟန်ချက်မညီတဲ့
စိတ်ဓါတ်တွေကလဲ
တစိမ့်စိမ့်နဲ့ 
အလွမ်းအဆွေးကိုဘဲ
ဟားတိုက်နေကြတယ်
အဆောင်အယောင်နဲ့ 
ငါတို့ ဘဝ
ဖျောက်ဖျက်လို့ မရတဲ့
အလွမ်းစာမျက်နှာ
အရှိတရားနဲ့ 
ငါတို့ မာန
ကင်ကွာသွားလဲ
နှမြောစရာတွေကို
ဒီဘဝမှာဘဲချန်ထားခဲလိုက်တော့မယ်။

No comments: