Monday 9 May 2011

ဟန်ဆောင်မှု

အစဉ်လာတခုရဲ့
အမှန်တရားနောက်ကွယ်က
စကားလုံးများနဲ့ 
အချိန်တန်ရင် 
မျက်လုံးနဲ့ စကားပြောခဲ့ကြသူတွေများ
မရှိတဲ့ အတ္တ မာနတွေကို
အန်ထုတ်နေကြ
ဒါလား

 
ငါဆိုတဲ့ အဆောင်ယောင်တခုရဲ့ 
ပြတင်းပေါက်မှာ
ယုံကြည်မှု ကို အရှက်တရားနဲ့ 
ကန့် သက်နေကြတယ်
အနိုင် အရှုံးဆိုတာ
တကယ်ရှိခဲ့ရင် ပြိုင်ကြစမြဲတဲ့
အဲလေ မရှိမဲ့ရှိမဲ့ အလှတရားက 
ကိုပြုံးနေလိုက်ပုံကများ
သေရာပါဒဏ်ရာတွေကို 
ဂရုမစိုက်သလိုမျိုးနဲ့ 
ကျပ်ကျပ်မတ်မတ်တိုင်းတာရမဲ့
ကိုယ့်ကျင့်သိက္ခာကိုက လိုက်မှမလာဘဲ
ဒီလိုဘဲ ထိုင်ကြည့် နေရုံပေါ။

No comments: