Monday 9 May 2011

ပြိုင်ဖက်ကင်းအတု

မနေ့ ကနဲ့ မတူတဲ့ ဒီကနေ့ ရဲ့ 
မနက်ခင်း အတုတွေ
လှိုက်လှိုက်လှဲလှဲ အူလှိုင်းသံတွေကြားက 
ဟန်ဆောင်မှုတွေ
တသက်စာအနမ်းတွေကိုဘဲ
ငံ့လင့်နေပုံမျိုးနဲ့ 
စိစိညက်ညက်ကျေမွနေတဲ့
ဒီဘဝထဲကိုဘဲမာန်တက်နေကြတယ်၊

 
သမင်လည်ပြန်နောက်ကွယ်က
မညီညာတဲ့ခန္ဓာကိုယ်အဆစ်ချိုးတခုက
ဟိန်းဟောက်ခံနေရတဲ့
မြေခွေးရဲ့ မာန်ဖီပုံမျိုးနဲ့ 
မနေ့ က ဒီနေ့  မနက်ဖန်တိုင်းကိုဘဲ
အရွဲတိုက် ကိုယ်ဟန်ပြနေကြတယ်၊
ခေတ်တခေတ်ရဲ့ အိုစာနေတဲ့
ညနေခင်းဆိုတာ
မဖိတ်ခေါ်ဘဲလာမှတော့
ပြန်ပါတော့လို့ မပြောခင်တင်ဘဲ
ညနေခင်းအတုတွေနဲ့ ယှဉ်ပြိုင်နေမိတယ်၊
မနက်ခင်းတော့ ရောက်လာကောင်းတန်ပါရဲ့ ။

No comments: