Saturday 14 May 2011

အောက်မေ့ခြင်း

ကဗျာဆရာမဲ့ကာရန်တွေနဲ့ 
ငါတို့ ကိုမောင်းနှင်သွားတဲ့မင်းသုဝဏ်
ပျဉ်းမငုတ်တိုရဲ့ သင်္ကေတတွေနဲ့ 
လွမ်းနေမိတာယနေ့ တိုင်ပေါ့။

တမ်းတနေ့ စွဲတခုနဲ့ တင်
အောင်နိုင်သူတယောက်ကလဲ
ငါတို့ ဘဝတွေကိုဆွဲငင်သွားသလိုမျိုး
ငါတို့ ရဲ့ ဗေဒါလမ်းက အမြဲတမ်းတမိတယ်။

ဟန်ဆောင်မှုကင်မဲ့တဲ့နေ့ ရက်တွေကို
ထုဆစ်ရင်းနဲ့ မေ့မျောနေတဲ့ 
စာပေယဉ်ကျေးမှုတခုပေပ
ငါတို့ ရဲ့ ဆရာမ နုယဉ်ကိုလဲ အောက်မေ့တယ်။



မာန်ပါပါဟန်ပါပါအချိုးတွေနဲ့ 
တက်ကြွတဲ့ငါတို့ စာပေကိုငါတို့ ချစ်မယ်၊
မောင်ခိုင်မာနဲ့ တွေ့ လို့ ငါတို့ ဝမ်းမနည်းဘူး။

ငါတို့ ဘဝတွေကို
သေရာပါဒဏ်ရာတွေနဲ့ 
အောင်ဝေးကိုတော့ သတိရတယ်၊

ထားလိုက်ပါတော့
ငွေယံဦးကိုသတိရလို့ 
အဲချိုဆီကိုဝင်မယ်
ဆရာတင်မိုးနဲ့ တော့ မတွေ့ လိုက်မိဘူး။

သုခမိန်လှိုင်နဲ့ တွေ့ မှ
ငါ့ဘဝကကော်ပီမှမဟုတ်တာ
မှောင်နေတဲ့အလင်းတွေကိုငါတို့ ဘဝနဲ့ 
ကြည်အေးကိုသွားမေးတော့လဲ
ဘာမှမထူးဘူးတဲ့ဗျာ။

ဘယ်မှာလဲ မြန်မာမော်ဒန်
အလွမ်းအတွက်နိမိတ်ပုံလား
သက်သေတွေကိုမေ့ပျောက်ပစ်ရမှာလား
တက်သစ်စပို့ စ်မော်ဒန်တွေကိုငါငေးနေတယ်
ငါနေတဲ့ငါရဲ့ ဘဝကိုစိတ်ကုန်တယ်
ရီစရာစာပေတခုနဲ့ ငါသေပျော်မယ်
မနက်ဖန်တော့ငါ
တာရာမင်းဝေနဲ့ ဘဲစကားပြောတော့မယ်။

No comments: