Saturday, 24 September 2011
အရူးများနဲ့ ကစားမယ်
ဒီနေ့ ငါတို့ သမိုင်း
မနက်ဖန်ကုန်ဆုံးသွးခဲ့ပြီ
အတုယောင်တွေမှန်းမသိလေလား၊
Thursday, 22 September 2011
ငါတို့ ဝေးလဲ
သီးသန့် နေရာတွေကိုရှာမယ်
ဘဝကိုအောင်မြင်နေတဲ့မနက်ခင်းတွေနဲ့ 
ကွယ်လွန်ခဲ့ပြီအနာဂါတ်သစ်များနဲ့ 
အတိတ်တွေကိုကာကွယ်ဖို့ နဲ့ 
သမိုင်းတွေကိုဆေးရောင်ခြယ်ကြမယ်၊
တန်ဖိုးတိုင်းမှာ
အောင်မြင်မှုတခုရှိတတ်ကြသလိုမျိုး
ဆုံးရှုံးမှုတိုင်းကိုလဲမေ့ထားကြမယ်၊
ငါတို့ မနက်ဖန် အနာဂါတ်
ပြင်ဆင်မှုတွေကို
အနားသတ်ပေးဖို့ 
နေမင်းကြီးနဲ့ စကားပြောမယ်။
Sunday, 18 September 2011
ခေါင်းဆောင်များနဲ့ 
အသစ်တဖန်
ဟန်ချက်ညီဖို့ 
လမ်းစတွေကိုဖျေက်နေကြတယ်၊
အလွမ်းတွေကို
မေ့ပျေက်ဖို့ နဲ့ 
သူတို့ ဘဝကို
စတေးနေကြတယ်၊
နိုင်ငံရေးမဆန်တဲ့
လူမှု အသိုင်းဝိုင်းက
စကားလုံးတွေကို
လုယက်နေကြတယ်၊
ဒီမိုကရေစီရေ
ငါတို့ ရေစီး
ငါတို့ လေသံတွေနဲ့ 
ငါတို့ ကို ထားခဲ့ပြန်ပြီ။
Tuesday, 19 July 2011
သတိ
နားမျက်စိ
နှလုံးသားတိုင်းက
ငါတို့ နဲ့ ဝေးနေတယ်၊
တာဝန်မသိခဲ့တဲ့
ဘဝစာမျက်နှာတွေက
သံသရာကိုလွမ်းနေကြတယ်၊
ငါဆိုတဲ့လူတွေက 
ကိုယ့်ရဲ့ နောက်ကွယ်ကို
ခြောက်လှန့် နေကြတယ်၊
လာမယ်မနက်ဖန်ရဲ့ 
တမလွန်များ
လာမယ်
ငါတို့ ရဲ့ အမှတ်ရမှုများ
လာမယ်
ငါနဲ့ ငါရဲ့ သတိတရားများ။
Sunday, 3 July 2011
မှော်ဆရာများ
ရူးရူးမိုက်မိုက်
ကန့် သတ်မှုတွေကို
ငါတို့ ဘဝမှာတွေ့ ခဲ့တယ်...
သက်တမ်းမဲ့
ဘဝအာမခံချက်တွေက
လူတွေကိုမျော်လိမ့်ချက်တွေပေးလို့ 
ကံကုန်တော့မယ်မနက်ဖန်များနဲ့ 
တနေကုန်ထိုင်နေခဲ့ရတယ်....
သိက္ခာဆည်အရှက်တွေနဲ့ 
အိပ်ငိုက်နေတဲ့ဘဝတွေကိုကုစားလို့ 
ငါဆိုတဲ့လူမှုပတ်ဝန်းကျင်နဲ့ 
အလိုက်ဖက်ဆုံးစကားလုံးကို
ပြန်မြိုချနေကြတယ်.....
ငါပြန်မယ်
ငါမရှိတဲ့ငါ့ကမ္ဘာသို့ 
ငါလာမယ်
ငါမသိတဲ့ငါရဲ့ နောက်ဆုံးဆုံမှတ်ဆီသို့ 
ဒီလိုနဲ့ အနိုင်နိုင်ငါအိပ်ပျော်သွားမိတယ်။။။
Friday, 1 July 2011
အဟောင်း
နေရာမဲ့ဘဝ
အသစ်တွေက
အဟောင်းတွေကိုရန်ရှာလို့ 
ငါတို့ ပတ်ဝန်းကျင်ကရုန်းကန်ဆဲ
အိုးမဲ့အိမ်မဲ့ခရီးကြမ်းများနဲ့ 
တာဝန်မဲ့ကာရံတွေကလဲ
လှုပ်ခါနေကြတယ်...
မုန်းတိုင်းနဲ့ မိုးတိမ်
ကင်းကွာနေလဲ
သဘာဝက အန်တုလို့ 
ဒီပတ်ဝန်းကျင်
ဒီလူအများနဲ့ ငါတို့ သဘာဝတွေ
နေနဲ့ လကိုတမ်းတမိတယ်။
Tuesday, 28 June 2011
ဟန်
လွတ်လပ်မှု့ ကင်းမဲ့နေတဲ့ဘဝသံစဉ်တွေက
အလွမ်းသံသရာကိုတမ်းတနေတတ်လို့ 
အသစ်အဟောင်းရောပြွမ်းမှုတွေကို
ငါတို့ အန်တုနေကြတယ်။
ဘယ်တော့မှန်းမသိတဲ့လူ့ ဘဝရဲ့ အရသာခံစားမှု့ 
အငန်းမရတွယ်တာမှုနဲ့ သံယောင်လိုက်နေကြတယ်
တည်ငြိမ်အေးချမ်းတဲ့ဘဝကိုဘယ်သူပေးနိုင်လို့ လဲ
ငါတို့ မှာ ခေါင်းဆောင်မဲ့နေတယ်။
အများအနည်းရေတွက်မှုနဲ့ ငါတို့ ရင်ခုံနေရင်း
ဝေးသွားတဲ့မနက်စာညစာများကိုပြန်မြင်နေတယ်
ဟန်ဆောင်နေလို့ လဲ အပိုဘဲလို့ မပြောတတ်ခင်
အောင်မြင်မှုကဝေးသထက်ဝေးလာတယ်။
စောင့်နေစရာမလိုတဲ့ငါတို့ အောင်မြင်မှုတွေကို
ခံစားမှုကင်းမဲ့စွာနဲ့ စောင့်နေကြမယ်
အလှမ်းဝေးနေတဲ့ကံကြမ္မာနဲ့ နပမ်းလုံးမယ်
ကုစားလို့ မရတဲ့အချိန်နဲ့ အိပ်နေမယ်
မေ့လွယ်တဲ့ဘဝတခုကိုလိုချင်လိုက်ပါဘိ။
Monday, 27 June 2011
စိန်ခေါ်သံများ
လူထုနေ့ စွဲက
မသိချင်ယောင်ဆောင်
အတ္တတွေကို
ငါတို့ တွန်းလှန်နိုင်ရမယ်။
အနိုင်အရှုံးတွေကို
လွမ်းလောက်ပါတယ်ဆိုပြီး
နောက်ဆုတ်နေတဲ့
သူရဲကောင်းအတုတွေက
ဟန်ဆောင်မှုကင်းမဲ့နေကြတယ်။
ဘယ်မှာလဲ ငါတို့ လွတ်လပ်ခွင့်
ငါတို့ ရှာဖွေခဲ့တယ်
ဘယ်မှာလဲ ငါတို့ လူ့ အခွင့်အရေး
ငါတို့ တွေးနေခဲ့တယ်
ရောက်လုလုနေမင်းနဲ့ ငါတို့ ဝေးနေပါစေ။
ရန်သူသက်တန်း
အဓွန့် ရှည်ကာလတွေကို
သူရဲကောင်းဆန်ဆန်
ငါတို့ မော်ကြည့်ခဲ့ဖူးတယ်။
ဒါလား တိုက်ပွဲ
ဒါလားလူထုခေါင်းဆောင်မှု
ဒါလားငါတို့ ကင်းမဲ့နေတဲ့မနက်ဖန်တွေ
စိန်ခေါ်သံအသစ်တွေကိုငါတို့ မွေးစားကြမယ်။
အဘယ်သောနေ့ 
တိုက်ပွဲခေါ်သံ
လွမ်းမမှီနိုင်အတွေးတွေနဲ့ 
မနေ့ ကလို့ ငါတို့ ပြောနေတယ်၊
ဒီမိုကရေစီစကားတွေနဲ့ 
မက်ခဲ့ဖူးတဲ့အိပ်မက်တွေက
လှိုင်းလုံးတခုနဲ့ ထင်ယောင်မှားနေတယ်၊
ဘယ်သောအခါများ
ငါတို့ နေ့ တွေ
ငါတို့ ဘဝတွေ
ငါတို့ နိုင်ငံတွေ
အသက်ရှင်ခွင့်
ဒီမိုကရေစီစကားနဲ့ 
သက်သေထွက်ဆိုချက်များကို
အောင်နိုင်စွမ်းပကားနဲ့ 
ရောက်ရလိမ့်မယ်လို့ 
တွေးတောနေဆဲငါတို့ နောင်တများ။
Thursday, 23 June 2011
အကြွင်းမဲ့ကဗျာ
မျက်ဝန်းတွေ
ငါ့နှလုံးသား
ဟောင်းနွမ်းသွားပလေ့စေ
တစိမ့်စိမ့်နဲ့ 
ဘဝတွေကိုကုစားလို့ 
မနက်တိုင်းက
တစာစာအော်လို့ 
ငါတို့ ရဲ့ 
ကင်မဲ့သွားတဲ့
ဟန်ဆောင်မှုတွေက
လူတွေနဲ့ ကင်းကွားလွန်းတယ်
ပတ်ဝန်းကျင်
အသစ်တွေက
အလှမ်းဝေးနေတဲ့
ငါတို့ ရဲ့ မနက်ဖန်ကို
သရော်နေကြတယ်။
Wednesday, 22 June 2011
နေရာမဲ့
ပတ်ဝန်းကျင်
အသစ်တွေနဲ့ 
အဟောင်းတွေကို
ကျိန်ဆဲနေကြတယ်၊
Friday, 10 June 2011
အကြွင်း
ဆင်ခြင်ခဲ့တဲ့နေ့ ရက်တွေ
လမ်းသစ်တွေမှာရှိမနေခဲ့တော့
အသုံးချငါတို့ မနက်စာက
အသေအကျေကိုကဗျာမဆန်ဘူး...
ဆန့် ကျင်ဖက်သဘာဝက
မုန်းမေ့သွားလဲငါတို့ နဲ့ ဆိုင်တယ်
ဟန်ဆောင်နေတဲ့လောကကိုက
ညနေခင်းမှာကုန်ဆုံးနေတယ်...
ဒီလိုနဲ့ 
ကျန်ခဲ့တာငါတို့ အကြောင်း
မင်းနဲ့ မင်းနဲ့ မင်းနဲ့      ဘဲ
ငါစကားပြောမယ်
ငါ့ဆီမှာ ဘာမှမရှိခဲ့တာ အမှန်ဘဲ....
Wednesday, 8 June 2011
မာယာကောင်းကင်
မျက်လှည့်သမားမဟုတ်ဘူး
အချစ်ဝေဖန်မှုများနဲ့ 
လှည့်လှည့်လည်သွားလာနေခဲ့တယ်...
အောင်နိုင်သူများရဲ့ ကမ္ဘာ
ငါတို့ လိုမျိုးမသိကျိုးကျွန်မှုတွေ
အမှားတရာကိုငါတို့ သိလိုက်တယ်...
ဘယ်မှာလဲ အမှန်တရား
လွမ်းလောက်စရာမနက်ဖန်တွေက
အတန်တန်ဟန်ဆောင်နေကြတယ်....
Saturday, 4 June 2011
မမေ့သော်
လွမ်းလို့ မပြေ
မှာတမ်းများနဲ့ ဝေးနေလို့ 
နှစ်တရာ့ငါးဆယ်ကို
ငါတို့ အတွက်ထားခဲ့တယ်၊
သူရဲကောင်းတွေရဲ့ 
ဘဝစာမျက်နှာများနဲ့ 
တချိန်ချိန်ဆိုတဲ့စကားများ
ဒါဟာ ကဗျာစာဆိုတယောက်
ငါတို့ ဆီမှာပျောက်ကွယ်လို့ 
ငါတို့ မမေ့တဲ့  တဂိုး
ရာမာကရစ်ရှနာ
ဘင်ဂိုး သို့ မဟုတ်
ငါတို့ ရဲ့ မင်းသုဝဏ်အဆုံး
ဆရာဇော်ဂျီထိအောင်
လွမ်းလို့ မမှီလဲ
သစ္စာနီနဲ့ တာရာမင်းဝေ
ငါတို့ ဘဝနဲ့ ငါတို့ အကြောင်း
သူတို့ တွေကိုအမှတ်ရနေမယ်။
Tuesday, 31 May 2011
သတိ
လမ်း... ဟန်ဆောင်မှုတွေ
သွေး အသက်တွေနဲ့ 
ကမ္ဘာပျက်.....ငါတို့ နောက်က
ထွက်သက်
ဝင်သက်
မဲမှောင်နေတယ်
ငါတို့ လောကကို...မေ့ထားမယ်။
Monday, 30 May 2011
အန်တုမှု
မာယာထောင်ချောက်တွေက
နှလုံးသားထဲကို စိုက်ဝင်လို့ 
အန်ထွက်လာတဲ့ အန်တုမှုတွေကလဲ
မကြားတကြားအော်ခေါ်သံတွေနဲ့ 
သံသာရာတွေနဲ့ ရူးနေကြတယ်၊
ဆင့်ခေါ်သံတွေက
ငါတို့ နောက်မှာမသိယောင်ဆောင်လို့ 
သွေးအသက်နဲ့ ငါတို့ လှုပ်ရှာနေကြတယ်...
လှည့်ပတ်မှုတိုင်းမှာ 
အဆင့်တန်ဆာတွေကိုမျှဝေလို့ 
ဝေဖန်မှုတွေကလဲ ဘဝတွေကိုကန့် သတ်နေကြတယ်
အနာဂါတ်အတွက် ငါတို့ ရူးနေကြမယ်....
Sunday, 29 May 2011
တောင်းတခြင်းသို့ 
ငါတို့ တမ်းခြင်း
လွမ်းလောက်ပါလဲ
အချိန်ဆိုတဲ့ဝေါဟာရက
ငါတို့ ကိုနောက်ပြောင်နေတယ်၊
ငါတို့ လွမ်းလို့ ငါတို့  သေလဲ
အမှန်တရားကမင်းအတွက်ပေါ့
ကုန်လွန်ခဲ့ပြီလေ...
ငါနေနေတဲ့
အကြောင်းတရား
ငါတို့ ဘဝကိုလှောင်ပြောင်နေလဲ
ငါသည်ငါ့ဘဝကို လွမ်းနေမယ်...
နင်တို့ နောက်က နင်တို့ ဘဝ
ဟန်ချက်ညီမှု တောင်ဆိုမှုများ
ကုန်လွန်သွားတဲ့တမ်းချင်းများနဲ့ 
သံသရာကို ငါတို့ သွားကြမယ်။
Saturday, 28 May 2011
လမင်းငိုချိန်
ပူပြင်းလွန်းလို့ 
ငါငိုနေလဲ
ငါရဲ့ သံစဉ်
ငါ့လမင်းနဲ့ 
ငါပျော်နေမယ်...
အေးချမ်းမှုအနမ်းနဲ့ 
ငါပျော်နေလဲ
ငါရဲ့ အလွမ်း
ငါနှလုံးသားက
ငါငိုနေမယ်...
ငါ့ရဲ့ လမင်း
အောင်မြင်မှုနဲ့ 
ငါတို့ သမိုင်း
ငါတို့ နောက်မှာ 
အလွမ်းတွေနဲ့ 
အိပ်စက်နေမယ်...
ငါ့ရဲ့ လမင်း 
ငိုနေချိန်နဲ့ 
ငါ့ရဲ့ သံစဉ်
ငါ့နှလုံးသား
ကင်းမဲ့မှုနဲ့ 
မင်း အနာမှာငိုနေမယ်။
တမ်းတမိသည်
ခြေရာများနဲ့ 
အဆင်သင့်ငါတို့ နေရာ
တမ်းးတမိလို့ ငိုနေတယ်၊
တန်ဖိုးမဲ့အတိတ်တွေ
အလွမ်းတွေနဲ့ သေနေတယ်
ဟောင်းနွမ်းနေတဲ့ ငါ့ရဲ့ တနေရာစာ၊
ငါလွမ်းနေတဲ့ခြေရာတွေက
ခံစားမှုနဲ့ သက်သေမပြခင်
ကွယ်လွန်ခြင်းနဲ့ ကျန်နေခဲ့တယ်၊
အရွယ်လွန်အနာဂါတ်နဲ့ 
ကိုးကွယ်မှု ငါ့ရဲ့ အကြင်နာ
ခိုင်မြဲမှုနဲ့ ရင်ခုန်နေတယ်...
စမ်းရေတမျှ
ငါတို့ ဘဝနဲ့ 
ရောစပ်ထားတဲ့အေးချမ်းမှုလို့ 
အောင်နိုင်သူကပြောနေတတ်တယ်။
ဆန့် ကျင်ဖက်
အဆင်ပြေမှု မပြေမှုနဲ့ 
တင့်တယ်လွန်းတဲ့
ငါတို့ သမိုင်း...
ဟောင့်နွမ်းမှုတွေနဲ့ 
ထင်ရာစိုင်းတဲ့ 
စရိုက်နဲ့ လုံးထွေးလို့ 
ဘဝတွေကိုရောင်းစားနေကြတယ်....
ဟန်ပါပါမျက်နှာထားနဲ့ 
ကန့် ကွက် ခြစားနေတဲ့
ငါတို့ ဝန်းကျင်များ....
ဒီနေ့ နဲ့ တမလွန်
မနက်စာနဲ့ ညစာ
အရောင်တွေကိုပုံတူကူးလို့ 
ကွယ်လွန်နေတဲ့ ငါတို့ ရဲ့ ဆန်ကျင်ဖက်ကမ္ဘာပေါ့....
Friday, 27 May 2011
တိုက်ပွဲ
ခေါ်သံတွေနဲ့ 
မင်းနဲ့ ငါ့ကြား
ဘာလို့ ဝေးနေတာလို့ 
မသိတသိ
အဆင်သင့်တနပ်စာက
ရန်သူပမာငါတို့ ဘဝ
လွန်လေခဲ့ပြီ
သို့ သော်တမနက်
ငါတို့ ဆီကိုရောက်လာရော့ပါ့
အလွန်တရာ
ငါတို့ စိတ်စွမ်းအားနဲ့ 
ပြင်းထန်နေကြ
လူသားမျိုးနွယ်တွေနဲ့ 
ငါတို့ သည်တိုက်ပွဲ တခုဆီသို့ ....
Wednesday, 25 May 2011
ဘဝသစ်
လမ်းနဲ့ နယ်မြေ
ကိုးကွယ်ရာနဲ့ နေရာမဲ့
ရွေးချယ်စရာငါတို့ ကံတရား
ဆွေးဆွေးမြေ့ မြေ့ 
ရင်ခုံသံကိုလဲကြားခဲ့တယ်...
Sunday, 22 May 2011
လူ
လောက နဲ့ လူ
ဟန်ချက်ညီမှု
တစိမ့်စိမ့်နဲ့ ငါတို့ ရှာဖွေခဲ့တယ်...
ပတ်ဝန်းကျင်နဲ့  လူ
နွေးထွေးမှုသမိုင်း
ကာကွယ်မှုနဲ့ တိုင်းတာခဲ့တယ်...
ကမ္ဘာကြီးနဲ့ လူ
ဟန်ဆောင်မှုတွေနဲ့ လုံးထွေးလို့ 
ငါတို့ နောက်ကိုလိုက်နေကြတယ်
စစ်တလင်းပြင်တခုလိုမျိုး...
လူသည်
ဟန်ဆောင်မှုနဲ့ 
မြင့်မြတ်ချင်နေကြခြင်းလိုမျိုး
အောင်မြင်မှုနဲ့ အနိုင်ကျင့်ခြင်းမျိုး
မျှတမှုကင်းစင်သောဒီပတ်ဝန်းကျင်နဲ့ 
ငါတို့ ဝေးလဲဝမ်းနည်းမှုကင်းပါတယ်လေ....
Saturday, 21 May 2011
ဘဝ
ဘဝ....
မေ့မျောမှုနဲ့ အလှမ်းဝေး
ခက်ခဲမှာပါ...
ကင်းကွာလွန်းတယ်
မွန်းကျပ်ရင်ခုံသံတွေက
မလှမပတဲ့ဘဝတွေကို
ခုတုံးလုပ်ပြီး၊
Saturday, 14 May 2011
မနက်စာ
တမ်းတပုံနိမိတ်နဲ့ 
ကျိုးပဲ့နေတဲ့စိတ်ဓါတ်များက...
ငါရဲ့ အနာဂါတ်နိမိတ်ပုံ
ဆွံ့ အနေတဲ့လူမမာများ
ဟောင်းနွမ်းသွားတဲ့ဘဝအိုစာမှုနဲ့ ....
ကံတရားနဲ့ စကားပြောလဲ
ကိုယ့်နောက်မှာမရှိတဲ့အနာဂါတ်ကိုဘဲ
ရူးရူးမိုက်မိုက်တွန်းလှန်ပြောင်လှောင်နေသလိုနဲ့ 
မသိစိတ်တွေကငြင်းဆိုနေကြ။
ဒီနေ့ နဲ့ မနေ့ ကအတွေးနဲ့ 
ကျိုးပဲ့နေတဲ့အနာဂါတ်ကိုကမလှပပုံကများ
ဆင်ခြင်တုံတရားတွေကလဲပျောက်လုနီးပါးနဲ့ 
မာန်မာနမဲ့အတိတ်တွေကိုပြန်ရှာနေတာနဲ့ ပဲ
ငါတို့ ဘဝတွေကအနာဂါတ်ဆိတ်သုဉ်းနေကြတယ်။
အောက်မေ့ခြင်း
ကဗျာဆရာမဲ့ကာရန်တွေနဲ့ 
ငါတို့ ကိုမောင်းနှင်သွားတဲ့မင်းသုဝဏ်
ပျဉ်းမငုတ်တိုရဲ့ သင်္ကေတတွေနဲ့ 
လွမ်းနေမိတာယနေ့ တိုင်ပေါ့။
တမ်းတနေ့ စွဲတခုနဲ့ တင်
အောင်နိုင်သူတယောက်ကလဲ
ငါတို့ ဘဝတွေကိုဆွဲငင်သွားသလိုမျိုး
ငါတို့ ရဲ့ ဗေဒါလမ်းက အမြဲတမ်းတမိတယ်။
ဟန်ဆောင်မှုကင်မဲ့တဲ့နေ့ ရက်တွေကို
ထုဆစ်ရင်းနဲ့ မေ့မျောနေတဲ့ 
စာပေယဉ်ကျေးမှုတခုပေပ
ငါတို့ ရဲ့ ဆရာမ နုယဉ်ကိုလဲ အောက်မေ့တယ်။
Tuesday, 10 May 2011
အတ္တမျက်မှန်
အလွမ်းသင့်သဘာဝတရားက
ဘဝမျက်နှာစာကိုအရွဲတိုက်လို့ ၊
ငါတို့ မနက်ခင်း စကားတခွန်းနဲ့ 
ကင်းမဲနေတဲ့မသိကျိုးကျွန်မှုလေး၊
ဆင်ခြင်တုံမဲနေ့ စွဲများနဲ့ 
လစ်လပ်ဘဝများကိုရန်ရှာနေကြ၊
အဝေးရောက်ဘဝတွေကိုလွမ်းလို့ 
မရှိမဲ့ရှိမဲ့တန်ဖိုးတွေကိုလှောင်ပြောင်လို့ ၊
ဘာတွေကိုမက်မောနေကြတာလဲလို့ မေးတယ်
ဖြေတာကလဲ ဘာတွေလဲလို့ သတိရနေကြတယ်။
ဘဝမဲ့ကဗျာ
ကင်းလွှတ်မှုမဲ့တဲ့
နေ့ စွဲအောက်က
ငါတို့ မနက်ဖန်များနဲ့ 
အဖန်ဖန်လွဲမှားနေကြတယ်၊
ရောက်လုလုမနက်ဖန်ကလဲ
မဲမှောင်လွန်းလို့ 
ဆက်သွားနေကျ
လမ်းမပေါ်ကိုဘဲ
အဆက်မပြတ်ငါတို့ လျောက်မယ်၊
ဟန်ဆောင်မှုတွေကိုတွေ့ တယ်
နှမြောတွန့် တိုမှုများကို
မွေးစားကြတယ်၊
ဘယ်မှာလဲလို့ မေးတိုင်းငေးနေကြတဲ့
သဘာဝတရားတွေကိုအားနာတယ်၊
လာမှာပါဆိုတဲ့
သံသယစကားနဲ့ ဘဲ
ဘဝကိုဖုံးဖိနေရတယ်၊
အဖန်ဖန်လွဲမှားခဲ့တဲ့နေ့ စွဲများနဲ့ ဘဲ
စကားပြောတော့မယ်။
Monday, 9 May 2011
ပြိုင်ဖက်ကင်းအတု
မနေ့ ကနဲ့ မတူတဲ့ ဒီကနေ့ ရဲ့ 
မနက်ခင်း အတုတွေ
လှိုက်လှိုက်လှဲလှဲ အူလှိုင်းသံတွေကြားက 
ဟန်ဆောင်မှုတွေ
တသက်စာအနမ်းတွေကိုဘဲ
ငံ့လင့်နေပုံမျိုးနဲ့ 
စိစိညက်ညက်ကျေမွနေတဲ့
ဒီဘဝထဲကိုဘဲမာန်တက်နေကြတယ်၊
ဟန်ဆောင်မှု
အစဉ်လာတခုရဲ့
အမှန်တရားနောက်ကွယ်က
စကားလုံးများနဲ့ 
အချိန်တန်ရင် 
မျက်လုံးနဲ့ စကားပြောခဲ့ကြသူတွေများ
မရှိတဲ့ အတ္တ မာနတွေကို
အန်ထုတ်နေကြ
ဒါလား
တည်ငြိမ်အေးချမ်းသောမနက်ခင်းဆီသို့ 
လေငြိမ်ဆောင်းည
လွမ်းချင်းတနေတဲ့မျက်နှာငယ်လေးနဲ့ 
အံ့သြစရာတောင်ပံတစုံမပါဘဲနဲ
ငါတို့ ကိုကျောခိုင်းသွားတဲ့ ကဗျာစာဆိုတယောက်နဲ့ 
်အမေအိုရေ မထားခဲ့ပါနဲ့ မော်ဒန်ခေတ်လွန်စကားပုံတခု
Sunday, 8 May 2011
နောက်ပြောင်ခြင်း
အဆင်သင့်မနက်ခင်းနဲ့ ကစားတယ်၊
ဟန်ဆောင်တဲ့လူတွေနဲ့ စကားပြောတယ်၊
ခပ်ပျစ်ပျစ်ကော်ဖီတခွက်က
ငါတို့ ဘဝတွေကိုအသိမှတ်မပြုသလိုမျိုး၊
ဟစ်ဟောသံစဉ်တခုလိုဘဲကျိုးပဲ့နေတယ်။
ထားလိုက်ပါ ညနေခင်းကအဆင်သင့်စောင့်နေတာဘဲ
အဖြစ်ပျက်တိုင်းမှာဘဝပါနေကျဘဲ
အိပ်ရေးပျက်အတွေးတွေကိုအိပ်ကပ်ထဲထည့်ပြီ၊
စောင့်နေတယ်ဆိုတာမျိုးနဲ့ ကစားတယ်။
မှတ်မိလွယ်တဲ့မျက်နှာတွေကလဲလွမ်းလို့ 
ပြောရလွယ်တဲ့စကားလုံးတွေကလဲဆိတ်သုဉ်းလို့ 
မှတ်ဥာဏ်မပါတဲ့ကျစိမ့်တွေကလဲကျောခိုင်းလို့ 
အသိစိတ်နဲ့ ငါတိုကိုရန်တိုက်နေသလိုနဲ့ 
ဟော   ဒါပေါ့အဆင်သင့်မနက်ခင်းဆိုတာ
အဆင်သင့်ညနေခင်းကိုတော့ရောက်ကြမှာဘဲပေါ့။
Saturday, 7 May 2011
လမ်း
မိန့် မှာခြင်းနဲ့ သက်ဆိုင်တယ်၊
လူတွေကိုညွှန်ကြားတဲ့စည်းမျဉ်းတိုင်းနဲ့ 
ငါတို့ ဘဝတွေနဲ့ 
မှတ်ကျောက်တွေနဲ့ 
အန္တရာယ်တွေနဲ့ 
အလွမ်းတွေနဲ့ 
ဘဝပေါင်းများစွာ
ချန်ထားခဲ့မယ်။
Saturday, 5 March 2011
ပုံပြင်တခုနဲ့ စကားစစ်ထိုးမယ်
နေထွက်တဲ့အချိန်နဲ့ 
နေဝင်တဲ့ကြားကာလကိုဘဲ
  ငါတို့ ကနှမြောတသဖြစ်နေခဲ့ကြတယ်
  အတိတ်ကသေမင်းမရှိဘူး....
ငါတို့ အတွက်
မနက်ဖန်ဆိုတဲ့ရောဂါဟောင်းကကြိုဆိုလို့ 
မေ့မေ့ပျောက်ပျောက် သံသရာတွေက
သူဟာသူသွားနေကြ
ဒါဟာ မနေ့ ကလို့ 
ငါတို့ တွန့် တိုခဲ့တဲ့အချိန်ရဲ့ 
အရင်းအနှီးဖြစ်လို့ 
စိတ်ညစ်စရာတွေနဲ့ ဘဲ
ဘဝကိုပုံဖေါ်ဖို့ ခက်ခဲနေကြတယ်၊